Main menu

ကနေဒါသို့ အမေရိကန်မှ လျှပ်စစ်ဓာတ်အားတင်ပို့မှု မြင့်တက်လာ

Powered by Drupal

         ကနေဒါတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုလျှော့ချခြင်းနှင့် အမေရိကန်တွင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများနိမ့်ကျခြင်းကြောင့် ကနေဒါသို့ အမေရိကန်လျှပ်စစ်ဓာတ်အားတင်ပို့မှု သည် ၂၀၂၃ခုနှစ်မှစ၍ ခုန်တက်သွားခဲ့ကြောင်း US Energy Information Administration (EIA) ၏ ခန့်မှန်းချက်အရသိရသည်။ အမေရိကန်နှင့် ကနေဒါတို့သည် ဆယ်စုနှစ်များအတွင်း အပြန်အလှန်လျှပ်စစ်ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများဖြစ်ခဲ့ကြပြီး ပြီးခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း ကနေဒါနိုင်ငံမှ လျှပ်စစ်ဓာတ်အားတင်သွင်းသည်ထက် အမေရိကန်သို့ လျှပ်စစ်ဓာတ်အားပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။ သို့သော် အမေရိကန်တွင် ဈေးပေါသောသဘာဝဓာတ်ငွေ့ကြောင့် ဓာတ်အားဈေးနှုန်းများသက်သာသဖြင့် ယခင်နှစ်တွင် ကနေဒါ၌ အမေရိကန်လျှပ်စစ်ဓာတ်အား၏ ယှဉ်ပြိုင်နိုင်စွမ်းကြီးမားခဲ့သည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံသည် ကနေဒါမှ လျှပ်စစ်ဓာတ်အား အသားတင်တင်သွင်းနေသေးသော်လည်း အမေရိကန်မှ လျှပ်စစ်ဓာတ်အားတင်ပို့မှုသည် ၂၀၂၂ ထက် ၇၀% ခုန်တက်လာခဲ့ပြီး ကနေဒါမှ အမေရိကန် လစဉ်ပျမ်းမျှတင်ပို့မှုသည် ၃၆% ကျဆင်းသွားခဲ့သည်။ အမေရိကန်နှင့် ကနေဒါလျှပ်စစ်ဓာတ်အားဖလှယ်မှုမှာ သေးငယ်သော်လည်း ကုန်သွယ်မှုသည် အထူးသဖြင့် အနောက်ကနေဒါတွင် မိုးခေါင်ရေရှားမှုအခြေအနေများနှင့် လျှပ်စစ်ဓာတ်အားညီမျှစေရန် အရေးကြီးကြောင်း EIA က မှတ်ချက်ပြုသည်။ AI နှင့် ဒေတာစင်တာများထွန်းကားလာမှုကြောင့် အမေရိကန်ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် လွန်ခဲ့သည့်နှစ်အတွင်း မြင့်တက်လာခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ကုမ္ပဏီများသည် နှစ်များစွာအတွင်း သဘာဝဓာတ်ငွေ့ပမာဏ အမြင့်ဆုံးအသုံးပြုနိုင်ရေးအတွက် အစီအစဉ်များကို ထုတ်ပြန်ကြေညာလျက်ရှိသည်။ အပူချိန်မြင့်မားလာမှုနှင့် ဒေတာစင်တာများမှ ဝယ်လိုအားများနှင့်အတူ စုစုပေါင်းဓာတ်အားလိုအပ်ချက်မြင့်တက်လာသောကြောင့် အမေရိကန်ပြည်ထောင်စုတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ကြောင်းသိရပါသည်။

Source : oilprice

DOCA(ရန်ကုန်)