Main menu

ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးခြောက် အရောင်းအဝယ်ကောင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များ ဝယ်ယူမှုအားကောင်းနေပြီး အ‌ရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ် ရေးလုပ်ငန်းရှင် ဦးရာမွန်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များကို ဩဂုတ်လမှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

     ညောင်တုန်းမြို့နယ်ဘက်ကထွက်တဲ့ ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူကြောင်း၊ လက်ရှိကွမ်းသီးခြောက်တွေက ပိုမိုထွက်ရှိလာပြီး ကွမ်းသီးခြောက်က အခုအချိန်မှာ အရောင်းအဝယ် အားကောင်းနေပါတယ်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးခြောက် စိုက်ဧက  ၁၅၅ ဧကရှိပြီး ၁ဧကတွင် အပင်ရေ ၃၀၀ ခန့်စိုက်ပျိုးနိုင်ပြီး ကွမ်းသီးအပင်မျိုး အနေဖြင့် တစ်လုံးကို ၃၀၀  ထိ ပေးဝယ်ရကြောင်း၊ ၁ဧက ကုန်ကျစရိတ်အနေဖြင့် ၃၀၀၀၀၀ခန့်သာ ကုန်ကျကြောင်း၊ ကွမ်းသီးပင် နှစ်ရှည်ပင်ဖြစ်၍ နှစ်တစ်ပတ်လည်လုံး အသီးသီး၍ တစ်နေ့ကို အလုံးရေ ၈၀၀ ထိ ထွက်ရှိကြောင်း၊ တစ်နှစ်တွင် ၈လလောက် ကွမ်းသီးထွက်ရှိသည်။ ၁လကို အလုံးရေ ၂သောင်းခွဲထိ ထွက်ရှိပြီး ယနေ့ ကွမ်းသီးခြောက် ၁လုံးကို ၁၅၀ကျပ်ဖြင့် ရောင်းချရပြီး တစ်နှစ်ကို အကျိုးအမြတ် သိန်း၂၀အကျိုးအမြတ်ရရှိကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးစိမ်းများကို ဒေသကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။

DOCA(ဧရာဝတီ)