ဧရာဝတီတိုင်းဒေသကြီး၊ မအုပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိ ဆန်စက် နှင့် သိုလှောင်ရုံများ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး မြို့နယ်တွင်းဆန်စက်နှင့် သိုလှောင်ရုံးများတွင် စပါးသိုလှောင် ထားရှိမှု မြေပြင် အမှန်တကယ်အခြေအနေများ၊ စပါးဆန်ကြိတ်ခွဲမှု အခြေအနေများကို (၁၉.၁၁.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၄:၀၀)က ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ကြသည်။
ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြုမြို့နယ် ဆန်စက်နှင့် စပါးသိုလှောင်ရုံ (၇၂)လုံး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ပြီး မြို့နယ်တွင် မှတ်ပုံတင်ပြီးဆန်စက်နှင့် စပါးသိုလှောင်ရုံများ မြေပြင်အမှန်တကယ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုရာ မှတ်ပုံတင်ပြီး လုပ်ငန်းရှင်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၁၉.၁၂.၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၃၁/၂၀၂၂ အရ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆန်စပါးသိုလှောင်ခြင်း ကိစ္စရပ်အပေါ် ကြီးကြပ်ဆောင်ရွက်နိုင်ရန် အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် ဆန်တန်ချိန် ၁၅နှင့် အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက်သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် Myro သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်သဖြင့် မြေပြင်တွင် အမှန်တကယ် သိုလှောင်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး၊ သိုလှောင်ရုံမှတ်ပုံတင်ရန် ကျန်ရှိသူများ ရှိပါက မှတ်ပုံတင်ထားနိုင်ရန်နှင့် ဦးစီးဌာန၏ အပိုဒ် ၆အရ လျှောက်ထားခြင်းကို စိစစ်၍ မှတ်ပုံတင်ခွင့်ပြုထားသည့် ဆန်စပါးသိုလှောင်ရုံ အရွယ်အစား ပြောင်းလဲခြင်းအပေါ် မူလခွင့်ပြုထားသည့် မှတ်ပုံတင်ကို ရုပ်သိမ်းပြီး သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးပေးသွင်း၍ မှတ်ပုံတင်ခြင်းကို ပြန်လည်ပြင်ဆင်လျှောက်ထားနိုင်ကြောင်း၊ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူသည် မှတ်ပုံတင်ခြင်းမရှိပါက ဦးစီးဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်းကို လုပ်ငန်းများသိရှိနိုင်ရန် ပြောကြားခဲ့ပြီး ဆန်စပါး ၊ သိုလှောင်ရုံ (၁၅)ခုကို ကွင်းဆင်းစစ်ဆေးရာ ကိုက်ညီချက်နှင့်အညီ လုပ်ဆောင်ထားရှိကြောင်း၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုကဲ့သို့ ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။
DOCA(ဧရာဝတီ)