
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီအချိန်တွင် “ခိုင်လှိုင်မြိုင်နန်း” မုန့်လုပ်ငန်းမှ ထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်အတွင်း ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ခိုင်လှိုင်မြိုင်နန်း”မုန့်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)(၄၃)အရ ကုန်အညွန်း အမှတ်အသား ဖော်ပြချက်များနှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေ အနေနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)