Main menu

ကမ္ဘောဒီးယားနှင့် ဗြိတိန်တို့ ၂၀၂၄ခုနှစ် ကုန်သွယ်မှုပြပွဲတွင် ပိုမိုခိုင်မာသောဆက်ဆံရေးကို ထူထောင်ခဲ့ကြ

Powered by Drupal

        ကမ္ဘောဒီးယားနှင့် ဗြိတိန်တို့သည် ကဏ္ဍအသီးသီးတွင် ခိုင်မာသောဆက်ဆံရေးရှိကြပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ထိုချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မာရန် အရေးကြီးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားခဲ့သည်။ ၁၈-၁၁-၂၀၂၄ ရက်နေ့က Island Convention and Exhibition Center တွင်ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတကာကုန်သွယ်မှုပြပွဲတွင် Cham Nimul ကပြပွဲ၏ရည်ရွယ်ချက်မှာ အထည် လိပ်၊ အဝတ်အထည်နှင့်ဖိနပ်များကို UK သို့တင်ပို့ရောင်းချရန်ဖြစ်ပြီး အဆိုပါထုတ်ကုန်များကိုပြသရုံမကဘဲ UK ဝယ်ယူသူများနှင့် စီးပွားရေးကွန်ရက်ကိုထူထောင်ရန်ဖြစ်သည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် စက်မှုလုပ်ငန်း၏ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားမှုကို အပြည့်အဝအသိအမှတ်ပြုခဲ့ပြီး အထည်ချုပ်၊ ဖိနပ်နှင့်အိတ်ကဏ္ဍအတွက် မဟာဗျူဟာစီမံချက်ကို ၂၀၂၂ခုနှစ်မှ ၂၀၂၇ခုနှစ်အထိရေးဆွဲထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ၂၀၂၄ခုနှစ်၊ ပထမ (၁၀) လအတွင်း ကန်ဒေါ်လာ ၄၅.၅ ဘီလီယံအထိရှိခဲ့သည်။ ယင်းတို့အနက်မှ အထည်လိပ်တင်ပို့မှုမှ ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၄၀၆သန်း၊ အဝတ်အထည်တင်ပို့မှုမှ ကန်ဒေါ်လာ ၈ဘီလီယံနှင့် ဖိနပ်တင်ပို့မှုမှ ကန်ဒေါ်လာ ၁.၃ ဘီလီယံအထိရှိခဲ့သည်။ ကမ္ဘောဒီးယားနှင့် ဗြိတိန်တို့သည် ကဏ္ဍအသီးသီးတွင် ခိုင်မာသောဆက်ဆံရေးရှိကြပြီး၊ အထူးသဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တည်မြဲသောချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)