Main menu

သက်သာသောဈေးဖြင့် စက်သုံးဆီဆိုင်များရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချသည့်အရောင်းဆိုင်များအား စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို (၁၉.၁၁.၂၀၂၄) ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။

            စက်သုံးဆီဆိုင်များရောင်းချနေမှုအပေါ် အစိုးရအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်းဦးဆောင်စေ၍ ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့ဝင်များ ကုန်သည်များ မြို့နယ်များရှိ စက်သုံးဆီဆိုင်တွေကို ရှောင်တခင်ဝင်ရောက်ပြီး  သတ်မှတ်ဈေးနဲ့ရောင်းချမှုရှိ/ မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/ မရှိတို့ကိုမြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စက်သုံးဆီတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့အတွက် ကုန်ဈေး နှုန်းမြင့်တက်မှုကို အထိုက်အလျောက်ကာကွယ်နိုင်မယ်။ စက်သုံးဆီဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဓိကကျပြီး အခြေခံလုပ်သားတွေနေ့စဉ် လုပ်ငန်းခွင်သွားလာရာမှာရော၊ ကုန်စည်စီးဆင်းမှုမှာရော၊ ပြည်သူလူထုလူမှုဘဝမှာရော အထိုက်အလျောက်အကျိုးဖြစ်ထွန်းစေပါတယ်။ ရှောင်တခင်ကွင်းဆင်းစစ်ဆေးတာတွေကို  ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ဆိုင်ရှင်များကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)