Main menu

တောင်ငူမြို့မှ မြန်မာ့ရိုးရာ သာကူမုန့်

Powered by Drupal

        သာကူသည် မြန်မာလူမျိုးအများစုကြိုက်နှစ်သက်သည့် ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အဖြူနှင့်အနီဟူ၍နှစ်မျိုးရှိပါသည်။ သာကူအဖြူပြုလုပ်ရာတွင် သာကူစေ့ ၅၀ကျပ်သားလျှင် သကြားတစ်ပိဿာရောစပ်၍ ပြုလုပ်ရပြီး သာကူအနီပြုလုပ်ရာတွင် သာကူစေ့ ၅၀ကျပ်သားလျှင် ထန်းလျက်တစ်ပိဿာရောစပ်၍ ပြုလုပ်ရပါသည်။

             သာကူစေ့ကို  သကြား (သို့မဟုတ်) ထန်းလျက်နှင့်ရောကျိုပြီးပါက အုန်းသီးနှင့် နို့စိမ်းများရောစပ်၍ စားသုံးကြပါသည်။ တချို့ကမူ ကန်စွန်းဥ၊ အာလူး စသည်တို့ကို သာကူကျိုထဲသို့ထည့်၍လည်းစားသုံးကြပါသည်။ တောင်ငူမြို့တွင် သာကူကျိုကို ဈေးတွင် အထိုင်ရောင်းသူများရှိသကဲ့သို့ လူစည်ကားရာနေရာများ၊ ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများလည်းရှိပါသည်။

             သာကူကျို ဇွန်းကြီးနှစ်ဇွန်းပါ တစ်ပွဲလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ နွေရာသီကာလတွင် ရွှေရင်အေးနှင့် မုန့်လက်ဆောင်းများရောင်းချပြီး မိုးရာသီတွင် သာဂူကျိုရောင်းချကြောင်းနှင့် ၎င်းမှာ လူကြိုက်များ၍ ရောင်းရကြောင်း သာကူကျိုရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)