Main menu

ပင်လယ်စာများတွင် တွေ့ရှိရသော Forever Chemicals (PFAs) များအား FDA မှ စုံစမ်းစစ်ဆေးသွားမည်

Powered by Drupal

              အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ပင်လယ်စာအချို့တွင် တွေ့ရသော Forever chemical (PFAs) နှင့် ပတ်သက်၍ ၎င်းတို့၏ အန္တရာယ်ကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန်အတွက် အချက်အလက်များကို တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ FDA သည် PFAs သို့မဟုတ် perfluoroalkyl နှင့် polyfluoroalkyl ပစ္စည်းများ ပတ်ဝန်းကျင်နှင့် ရေတိုမှတဆင့် ပင်လယ်စာများအပေါ် မည်ကဲ့သို့သက်ရောက်မှုရှိကြောင်း အချက်အလက်များကို ရှာဖွေလျက်ရှိသည်။ ၎င်းသည် ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်ရန်နှင့် အစားအသောက်များတွင် ဤဒြပ်ပစ္စည်းများထိတွေ့သက်ရောက်မှုကိုလျှော့ချရန် အေဂျင်စီ၏ ကြိုးစားမှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ၎င်း၏ ယခင်နမူနာများနှင့် စမ်းသပ်ချက်များအရ ပင်လယ်စာသည် အခြားအစားအစာများနှင့် နှိုင်းယှဉ်ပါက PFAs ညစ်ညမ်းမှုအန္တရာယ်ပိုများကြောင်း အေဂျင်စီကဖော်ပြခဲ့သည်။ အခြားပင်လယ်စာအမျိုးအစားများစွာအတွက် PFAs ပါ အချက်အလက်များကို ကန့်သတ်ထားဆဲဖြစ်ကြောင်း FDA မှ ပြောကြားခဲသည်။ ပင်လယ်စာတို့တွင် ပါဝင်သော PFAs များသည်ကိုလက်စထရောပါဝင်မှုမြင့်မားပြီး ကင်ဆာ၊ အသည်းပျက်စီးခြင်းနှင့် ပန်နာရင်ကျက်ခြင်းအစရှိသော ရောဂါများကိုဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ ၎င်းတို့အဆိပ်သင့်မှုနှုန်းနည်းပါးသော်လည်း ကျန်းမာရေးအတွက် သိသိသာသာ အန္တရာယ်ဖြစ်စေနိုင်ကြောင်းသိရှိရပါသည်။

Source : marketscreener

DOCA(ရန်ကုန်)