Main menu

ပေါက်ခေါင်းမြို့တွင် သရက်ချဉ်လုပ်ငန်းစတင်လုပ်ကိုင်

Powered by Drupal

      ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးအေးကျော် (အောင်ဆုရည်) မျှစ်လုပ်ငန်းမှ ယခုနှစ်တွင် သရက်ချဉ်လုပ်ငန်းများစမ်းသပ်လုပ်ကိုင်နေသည်ဟုသိရှိရပါသဖြင့် သရက်ချဉ်ပြုလုပ်ပုံအဆင့်ဆင့်အားသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ရာ သရက်ချဉ်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် သရက်သီးကို ပေါက်ခေါင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ ကျပ်အထိဈေးပေး၍ ဝယ်ယူရကြောင်းသိရပါသည်။ ထို့နောက် ဝယ်ယူပြီးရရှိလာသော သရက်သီးများကို ရေစင်အောင်ဆေး၍ ခြစ်ဖြင့် အမျှင်အချောင်းလေးများရရှိအောင်ခြစ်ရပါသည်။ ထိုသို့ ခြစ်ပြီးသားအမျှင်ချောင်းလေးများကို ဆားရေစိမ်ပြီးနောက် ရေဆေး၍ ဆားဖြင့်နယ်၍ ပီနန်အိတ်တွင်ထည့်ကာ နှပ်ထားရပါသည်။ နှပ်ပြီးသားသရက်သီးခြစ်ပြီးသားများကို (၃)လခန့်အကြာတွင် အတုံးလေးများတုံး၍ ရောင်းချရသောအဆင့်သို့ရောက်ရှိပါသည်။ ရရှိလာသောသရက်ချဉ်အတုံးလေးများအား ပါကင်ပိတ်စက်ဝယ်ယူ၍ စနစ်တကျထုပ်ပိုးရန် ရည်ရွယ်ထားကြောင်းနှင့် ဈေးကွက်အနေဖြင့် ရန်ကုန်သို့တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်းသိရှိရပါသည်။

        သရက်ချဉ်လုပ်ငန်းအား စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချနိုင်မည်ဆိုပါက လုပ်ငန်းများတိုးတက်အောင်မြင်ပြီး အကျိုးအမြတ်များလည်းရရှိနိုင်မည်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)