Main menu

အင်ဒိုနီးရှားနှင့်ဘရာဇီးတို့အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံတန်ကြေးရှိသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များလက်မှတ်ရေးထိုး

Powered by Drupal

                 အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည်အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံတန်ကြေးရှိသည့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၅ ခုအတွက်နားလည်မှုသဝဏ်လွှာကို G20 ညီလာခံ၌သီးခြားကျင်းပသည့် အင်ဒိုနီးရှား-ဘရာဇီးစီးပွားရေးဖိုရမ်တွင်နိုဝင်ဘာ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များ အသင်း၏အကြံပေးဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ Hashim S.Djojohadikusumo က ထိုသဘောတူညီချက်များသည် ကဏ္ဍအားလုံးကိုလွှမ်းခြုံထားကြောင်းနှင့် နှစ်နိုင်ငံကြားစီးပွားရေးဆက်နွယ်မှုတိုးတက်ရန်နှင့် စီးပွားရေးကြီးထွားမှုကိုမောင်းနှင်ပေးမည့် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများတွင် သိသာစွာပါဝင်မည်ဟုပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Anindya Bakrie က ထိုပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များသည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးတွင် စာမျက်နှာသစ်တစ်ခုဖြစ်ခဲ့ကြောင်း အထူးသဖြင့် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာကဏ္ဍတို့တွင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား-ဘရာဇီးစီးပွားရေးဖိုရမ်ကို နှစ်နိုင်ငံကြားတည်ငြိမ်သောဖွံဖြိုးတိုးတက်မှုနှင့် စီးပွားရေးကြီးထွားမှုအတွက် အာမခံချက်များဖလှယ်ရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ဆက်နွယ်သော ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များရှာဖွေရန် အဓိကထားကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဘရာဇီးနိုင်ငံအမျိုးသားစက်မှုလုပ်ငန်း ကွန်ဖက်ဒရေးရှင်း၏ဥက္ကဌဖြစ်သူ Ricardo Alban က ထိုပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တစ်ခုအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်းနှင့် ထိုပူးပေါင်းဆောင်ရွက်မှုအရ ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ရရှိစေနိုင်ရုံသာမက ကာဗွန်ထုတ်လွှင့်မှုလျှော့ချခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းအစရှိသည့် ကြီးမားသော ရည်မှန်းချက်များအတွက်ပါ လမ်းကြောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Alban က စိုက်ပျိုးမွေးမြူရေးစီးပွားရေးလုပ်ငန်း၊ ဘိုင်အိုလောင်စာနှင့် သတ္တုတူးဖော်ခြင်းအစရှိသည့် အဓိကလုပ်ငန်းနယ်ပယ်များတွင် တစ်နိုင်ငံ၏စီးပွားရေးအားကောင်းမှုနှင့် ကျွမ်းကျင်မှုကို တစ်နိုင်ငံကအားယူခြင်းအားဖြင့် ၎င်းတို့သည် အနာဂတ်မျိုးဆက်သစ်များအတွက် တည်ငြိမ်မှုရှိသောစီးပွားရေးကြီးထွားမှုကို မောင်းနှင်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကျော်မှစ၍ ဆက်လက်မြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန် ဒေါ်လာ ၁.၉၁ ဘီလီယံတန်ဖိုးရှိသောကုန်ပစ္စည်းများကို ဘရာဇီးနိုင်ငံ သို့တင်ပို့ခဲ့ပြီး အဓိကပို့ကုန်များမှာ စားအုန်းဆီ၊ အုန်းဆီနှင့်ရာဘာတို့ဖြစ်ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၂၄ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၃၅၉ သန်း တန်ဖိုးရှိသော ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ဘရာဇီးနိုင်ငံကကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၆၉ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)