Main menu

တိုင်းဒေသကြီးမုန့်မျိုးစုံလုပ်ငန်းရှင်များအသင်းအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ရေးအသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်စုစုပေါင်း ( ၁၀) ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

      အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ် ဌာန၏ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းအကြောင်းများကို သိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက စားသုံးသူကာကွယ်ပေးရေးဥပဒေပါအကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ်  တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)