Main menu

ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရောင်းချသော ကုန်မျိုးစုံဆိုင်များရှိဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

             အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဈေးကွက်ရောင်းချနေသောဘူးဆီများ၌ FDA ထောက်ခံချက် ဖော်ပြထားရှိမှု၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိမှု၊ အလေးချိန် အချိန်အတွယ်များအား မြန်မာယူနစ် ပိဿာ၊ကျပ်သားတို့ ဖြင့်ဖော်ပြထားရှိမှုအခြေအနေများအားစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသောဘူးဆီများ၊ ရောင်းချခြင်းမပြုကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)