Main menu

မန်ကျည်းသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

                မိုးအကုန်ဆောင်းအကူးကာလများတွင် မန်ကျည်းသီးများ လှိုင်လှိုင်ပေါများလာနေပြီဖြစ်ပါသည်။ မန်ကျည်းပင်သည်မုတ်သုန်ရာသီတွင် ပေါက်မြောက်သောအပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အလွန်ပေါများသည့်အတွက် လူတိုင်းမြင်ဖူးကြပါသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို အထက်အညာဒေသတွင် မန်ကျည်းပင်ကို အကြီးအကျယ်စိုက်ပျိုးကြသည်။ လယ်ကွင်းများ၊ ခြံများ၊ ဥယျာဉ်များ၊ ကျွဲနွားစားကျက်များ၌ စိုက်ပျိုးကြပါသည်။

           အလွန်းကြီးခဲသော အပင်မျိုးဖြစ်ပြီး အစေ့မှအလွယ်တကူပေါက်ရောက်နိုင်သော အပင်မျိုးလည်းဖြစ်ပါသည်။ မန်ကျည်းပင်သည် တစ်ပင်လုံးအသုံးဝင်သောအပင်ဟုဆိုနိုင်သလို၊ အသီးသည်လည်း ဟင်းချက်ရာတွင်အလွန်အသုံးဝင်ပြီး၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း၊ အလှကုန်များဖော်စပ်ရာတွင်လည်း အသုံးဝင်သောပါသည်။

             ယခုအချိန် ဈေးကွက်အနေဖြင့် ပုသိမ်မြို့အနီးအနားမှထွက်ရှိသော မန်ကျည်းသီးများကိုရောင်းချနေပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေးနှုန်းမှာ တစ်ပိဿာကို (၄ဝ၀ဝိ/- ၅ဝ၀ဝိ/-)နှုန်း ရောင်းချကြပြီး၊ လက်လီဈေးနှုန်းအနေဖြင့် (၇ဝ၀ဝိ/- ၈ဝ၀ဝိ/- ၉ဝ၀ဝိ/-)နှုန်းဖြင့် ရောင်းချနေကြပါသည်။

DOCA(ဧရာဝတီ)