စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ပြည်မြို့နယ်တွင် နဝဒေးစက်မှုဇုန်ရှိ ဦးပီတူး၏ ရွှေကမ္ဘာကျော် ပဲခွဲစက်လုပ်ငန်းသို့လည်းကောင်း၊ နဝဒေးစက်မှုဇုန်(၂)ရှိ ဦးကျော်သူ၏ Popular (Sogo)ပလတ်စတစ်ပုံး လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ရန်ကုန်-ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးဇော်မင်းထွန်း၏ဆီစက်သို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ခတ္တိယကျေးရွာရှိ ဦးပြည့်ဖြိုး၏ Bright Star သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ ဥသျှစ်ပင်ဒေသရှိ ဒေါ်စိုးရီဦး၏ ပင်ရွှေဦးဆန်ပွဲရုံနှင့် ဒေါ်သက်သက်ဝင်း၏ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ် (၅) ရပ်ကွက်ရှိ ဒေါ်အေးသန်း၏ ဆန်စက်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)