စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံး/ ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီက တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်နည်းလမ်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)