ပြည်ဈေးကွက်အတွင်းသို့ ၂၀၂၄ခုနှစ်၊ ဆောင်းရာသီ နိုဝင်ဘာလတွင် သင်္ဘောသီးအမှည့်များဝင်ရောက်လျက်ရှိပြီး သင်္ဘောသီးအစိမ်းများ ဈေးတက်လျက်ရှိကြောင်းသိရှိရသည်။ ယခုအချိန်သည် သင်္ဘောသီးများမှည့်ချိန်ဖြစ်၍ သင်္ဘောသီးအစိမ်းမှာ အသုပ်သမားများက ဝယ်ယူမှုရှိ၍ ဈေးနှုန်းမြင့်တက်လာပါသည်။ ပြည်ဈေးကွက်အတွင်းသို့ သင်္ဘောသီးများကို ရွှေဘုံသာရွာနှင့် ပြည်မြို့အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဝင်ရောက်လျက်ရှိပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးမှည့်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀-၁၂၀၀ ကျပ်အထိရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သင်္ဘောသီးအစိမ်းဈေးများမှာ အကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)