Main menu

မုဒုံမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းကွင်း သရုပ်ပြပွဲကျင်းပ

Powered by Drupal

            မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားရေး ရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ၁၉.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘဲရမ်းကျေးရွာရှိ တောင်သူဦးမောင်ခင် ကွင်းအမှတ် (၈၄၃) လယ်ဧကသုံးဧက၌ ပြုလုပ်ကြောင်းသိရှိရပါသည်။

            အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်၊ ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများကကြည့်ရှု၍ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး ရိတ်သိမ်းရာစပါးအစို (၀ ဒသမ ၀၀၁) အကွက်ငယ် အထွက်နှုန်း ၇၁ တင်း၊ (၀ ဒသမ ၁၀) အထွက်နှုန်း (၆၈ ဒသမ ၁၇) တင်း ထွက်ရှိကြောင်းသိရှိရပါသည်။

              မုဒုံမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧကကိုလျာထားပြီး ၇၅၆၆၅ ဧကကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများက မိုးစပါးများရိတ်သိမ်းလျက်ရှိပြီး စပါးအထွက်နှုန်းကောင်းမွန်ကာ စပါးပေါ်ချိန်စျေးကောင်းရရှိ၍ တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)