ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အတွင်းရှိ ဆန်စက်များမှ ဝမ်းစာစပါးကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းများကို ဒေသတွင်းသုံးစွဲရာ၌ ငါးမွေးကန်များ၊ ကြက်မွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများ၊ အခြားသောမွေးမြူးရေးခြံလုပ်ငန်းများနှင့် တိရစ္ဆာန်အစာများအဖြစ် အသုံးပြုလျက်ရှိကြပါသည်။
ကျိုင်းတုံမြို့တွင်းရှိ စပါးကြိတ်ခွဲရာမှ ထွက်ရှိသော ဖွဲနု၊ ဖွဲကြမ်းများ ဈေးနှုန်း/ ဈေးကွက်အခြေအနေမှာ ယခုနိုဝင်ဘာလတွင် ဖွဲကြမ်း (၂၅) ကီလို တစ်အိတ်လျှင် (၁၃၀၀၀) ကျပ်၊ ဖွဲနု (၂၅) ကီလို တစ်အိတ်လျှင် (၂၄၀၀၀) ကျပ် ရောင်းဝယ်လျက်ရှိပြီး ယခင်အောက်တိုဘာလ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဖွဲကြမ်း၊ ဖွဲနု အဟောင်းလက်ကျန်နည်း၍ ကျိုင်းတုံမြို့သို့ မိုင်းပျဉ်း၊ မိုင်းခတ်မြို့များမှ ဖွဲဝင်ရောက်မှုနည်းပါးခြင်းကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)