ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ အနီးတဝိုက်ရှိ မြို့နယ်/ ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးကိုအဓိကအားထားလုပ်ကိုင်ကြကြောင်း သိရှိရပြီး တောင်သူအများစုမှာ ရာသီအလိုက်သီးနှံများစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
ဆောင်းရာသီစာ စိမ်းစားဥများသည် အာလူးမျိုးနွယ်ဖြစ်ကြပြီး ကြီးထွားမှုပုံစံအမျိုးအစားမှာ ပဲပင်နှင့် တူသောကြောင့် အချို့အရပ်ဒေသများတွင် ပဲစိမ်းစားဥဟုခေါ်ဆိုကြကြောင်း၊ စိုက်ပျိုးသည့်မျိုးစေ့များမှာ ဒေသမျိုးစေ့များဖြစ်ကြောင်း သိရှိရပါသည်။ ပဲစိမ်းစားဥကို မေလတွင်စိုက်ပျိုး၍ အောက်တိုဘာလတွင် စတင်ထွက်ပေါ်လာပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် လှိုင်လှိုင်ပေါ် ထွက်ကြောင်း သိရှိရပါသည်။
ရာသီစာ စိမ်းစားဥများ စတင်ပေါ်ထွက်ချိန်တွင် ဈေးကွက်အတွင်း၌ ရောင်းချသည့်ဈေးနှုန်းများမှာ တစ်ပိဿလျှင် (၅၀၀၀)ကျပ်၊ အလုံးသေး (၈)လုံးပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်နှင့် အလုံး ကြီး(၅)လုံးပါ တစ်စည်းလျှင် (၂၀၀၀)ကျပ် ဖြင့် နှစ်မျိုးနှစ်စားရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ရာသီစာစိမ်းစားဥများကို မြို့အနှံ့အပြားစိုက်ပျိုးကြသော်လည်း ရှမ်းပြည်နယ်ဒေသထွက် စိမ်းစားဥများမှာ အရွယ်အစားပိုကြီးပြီး အရည်ရွှမ်းသောကြောင့် အရသာပိုမိုကောင်းမွန်၍ လူကြိုက်များကြောင်း သိရှိရပါသည်။ စိမ်းစားဥမှာ အစိမ်းစားရသောသီးနှံတစ်မျိုးဖြစ်သော်လည်း အချို့ဒေသများတွင် ကြော်စားလေ့ရှိကြောင်း သိရှိရပါသည်။ လူကြီး/ လူငယ်မရွေးကြိုက်နှစ်သက်သည့် သီးနှံဖြစ်သောကြောင့် ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)