ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ဒေသများမှထွက်ရှိသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ထွက်ရှိလာသည့်သီးနှံများအား ဒေသတွင်းနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိသည့် စီးပွားရေးလုပ်ငန်းဖြင့်သည့်အတွက် လုပ်ငန်းများအဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။
ပင်းတယမြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ တောင်ယာမြေများတွင်သာမက အချို့အိမ်ခြံမြေကျယ်ဝန်းသောနေရာများရှိ မြေလွတ်များတွင်လည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်များကို တောင်ယာမြေများ၌ စိုက်ပျိုးရာတစ်ဧကတွင်အပင်ရေပေါင်း(၁၀၀၀၀)မှ(၁၂၀၀၀)ထိ စိုက်ပျိုးကြကြောင်းသိရှိရပြီး ကုန်ကျစရိတ်မှာ ဆယ်သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်း၌ ပန်းဂေါ်ဖီ(ခ)ဂေါ်ဖီထုပ်များသည် ပေါ်ခါစတွင်ဈေးကောင်းရလျက်ရှိပြီး ဂေါ်ဖီအကြီးတစ်ထုပ်လျှင်(၂၅၀၀)ကျပ်၊ ဂေါ်ဖီအလတ်တစ်ထုပ်လျှင်(၁၅၀၀)ကျပ်နှင့်ဂေါ်ဖီအသေး တစ်ထုပ်လျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)