Main menu

ဖရဲသီးကောင်းကျိုးနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

         အပူပိုင်းဒေသများအတွက် ခြောက်သွေ့သည့်ရာသီ(ဆောင်းရာသီ)သည် ဖရဲသီးစိုက်ပျိုးရန်  အကောင်းဆုံးရာသီဥတုဖြစ်သည်။ ဖရဲပင်များသည် မိုးရာသီ (သို့မဟုတ်) နွေရာသီများတွင် အပူချိန်အရမ်းများခြင်း၊ အရမ်းစိုစွတ်ခြင်း စသည့်အခြေအနေများတွင် ကောင်းစွာမဖြစ်ထွန်းပါ။ ဖရဲပင်များကို မျိုးစေ့ဖြင့်စိုက်ပျိုးနိုင်ပြီး မျိုးစေ့များကို စိုက်ပျိုးရန်သင့်လျော်သည့် သတ်မှတ်ထားသော မြေနေရာတွင်စိုက်ပျိုးရသည်။ အပင်ပေါက်နှုန်းကောင်းရန်အတွက် စိုက်ပျိုးမည့်‌မြေသည် အပူချိန်(၁၈) ဒီဂရီစင်တီဂရိတ်ရှိရန်လိုအပ်ပါသည်။ ဖရဲစေ့များသည် ရက်ပိုင်းအတွင်း လွယ်လွယ်ကူကူဖြင့် လျင်လျင်မြန်မြန်အညှောင့်ပေါက်ကြသည်။ ဖရဲစိုက်ပျိုးရာတွင် မြေသားထုနက်သော၊ အဟာရပြည့်ဝသော၊ မွသောမြေကိုလိုအပ်ပါသည်။

        ဖရဲသီးသည် အခွံစိမ်းပြီး အတွင်းသားမှာ အနီရောင်ရှိပြီး အဝါရောင်လည်းရှိပါသည်။ ဖရဲသီးတွင် ရေဓာတ် ၉၂ရာခိုင်နှုန်းပါဝင်သဖြင့် အရည်ရွှမ်းပြီး ချိုမြသောအရသာရှိသောကြောင့် စားသုံးပါက ရင်ကိုအေးမြစေပြီး ရေငတ်ပြေကာ ခန္ဓာကိုယ်အတွင်းရှိ ဆုံးရှုံးသွားသောရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး လူကိုလည်း လန်းဆန်းအမောပြေစေပါသည်။ ဖရဲသီးတွင် အဆီနှင့် ကိုယ်လက်စထရောလုံးဝမပါရှိဘဲ ရေဓာတ် ၉၂ရာခိုင်နှုန်းပါဝင်သည်က ထူးခြားပြီး အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဘီနှင့် စီဓာတ်များပေါကြွယ်လှသည်။ ကယ်လိုရီအလွန်နည်းပါသဖြင့် အဟာရဖြစ်စေကာ နွေရာသီကာလတွင် ပိုမိုစားသုံးသင့်ပေသည်။

         ဖရဲသီးများကိုဝယ်ယူရာတွင် အလုံးအကြီး၊ အလတ်၊ အသေးဟူ၍ ဝယ်ယူရခြင်းဖြစ်ပါသည်။ ယခုအခါ ထားဝယ်စျေးကွက်တွင် ဖရဲသီးကို မော်လမြိုင်မြို့မှတစ်ဆင့် ဝယ်ယူ‌ရောင်းချလျက်ရှိပြီး အကြီးတစ်လုံးလျှင် (၇၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၅၀၀)ကျပ်အသီးသီးရှိကြောင်း ထားဝယ်မြို့ရှိ အသီးဆိုင်များမှသိရှိရပါသည်။

DOCA(တနင်္သာရီ)