ပဲပင်ပေါက်သည် စျေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်၍ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုနိုင်သော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝပြီး ဗီတာမင်A, C နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုကျန်းမာစေပြီး ဇိဝကမ္မလုပ်ငန်းစဉ်များကို အကောင်းဆုံးလည်ပတ်စေနိုင်ပါသည်။ ဗီတာမင် A ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံးထောက်ပံ့ပေးပါသည်။
ပဲပင်ပေါက်ကို စီးပွားဖြစ် ဖောက်၍ရောင်းချကြပြီး ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးအသုံးပြုကြသည်။ များသောအားဖြင့် စကာထဲတွင် ထည့်ဖောက်လေ့ရှိပြီး အပင်ပေါက်ချိန်သည် ၄ရက်မှ ၅ရက်ခန့်ကြာပါသည်။ ပဲစေ့များမှတဆင့် အပင်ဖောက်၍ ရရှိလာသောအပင်များကို အထုပ်ငယ်များဖြင့် တစ်ထုပ်လျှင် (၆၀၀)ကျပ်နှုန်းဖြင့် စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)