Main menu

မြင်းခွာရွက်ကောင်းကျိုးနှင့် စျေးနှုန်း

Powered by Drupal

        မြင်းခွာရွက်ဟုဆိုသည်နှင့် မြန်မာလူမျိုးတိုင်း သိကြမည်ဖြစ်ပါသည်။ မြင်းခွာပင်သည် အပင်ငယ်လေးဖြစ်ပြီး မြေကြီးတွင် ကပ်လျက်ပေါက်ဖွားကာ အဆစ်အမြစ်ကလေးများထွက်လာပြီး ထိုအဆစ်ကလေးများမှ အညွန့်နှာမောင်းထွက်လာပြီး မျိုးဆက်ပွားလေ့ရှိသည်။ ‌နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး အလေ့ကျပေါက်ပြီး အပွင့်အဖြူရောင်ရှိကာ အစေ့မှာမူ အပြား၊ အလျားလိုက် သေးငယ်သည့်အမြှောင်း ကိုးမြှောင်းပါသည်။ မြင်းခွာပင်တွင် အရိုင်းမျိုး၊ မြင်းခွာရွက်အဖြူမျိုး၊ အနီမျိုးဟူ၍သုံးမျိုးရှိသည်။

          မြင်းခွာရွက်ကိုစားသုံးခြင်းဖြင့် ကောင်းကျိုးသာရရှိမည်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိသည့်အတွက် သစ္စာရှိတာဝန်သိသိ ကျေးဇူးပြုသောအပင်ဖြစ်ပါသည်။ မြင်းခွာရွက်ကိုစားပေးခြင်းဖြင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါ၊ ‌‌ရေငတ်ရောဂါတို့ကိုပျောက်ကင်းစေပြီး အပူငြိမ်းကာ အသက်ရှည်စေပါသည်။ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါများအတွက် မြင်းခွာပင်သုံးစည်း/လေးစည်းခန့်ကို ရေစင်အောင်ဆေးပြီး သန့်ပြန့်သည့် ကျောက်ဆုံနှင့်ထောင်း၍ အရည်ညှစ်ယူပြီး သကြားသင့် ယုံထည့်ကာ လက်ဖက်ရည်အကြမ်းတစ်ပန်းကန်ကို ည၊ မနက်သောက်ရမည်ဖြစ်ပါသည်။

          ထားဝယ်မြို့ရှိစျေးများတွင် မြင်းခွာရွက်စျေးသင့်လျက်ရှိပြီး ‌ဒေသဓလေ့အရ ဗန်းထဲတွင် အပုံငယ်များပုံ၍ ရောင်းချလျက်ရှိကာ တစ်ပုံလျှင် (၃၀၀မှ ၅၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)