Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်းများတက်

Powered by Drupal

        ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့မှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်းများမှာ (၂၈၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်၊ ၁၉ ရက်နေ့တွင် (၃၃၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခင်လနှင့်နှိုင်းယှဥ်ပါက ၅၀၀၀ကျပ်အထိမြင့်တက်လာခဲ့ပါသည်။

         ထားဝယ်မြို့၊ ဝက်သားစျေးနှုန်းမြင့်တက်လာခြင်းမှာ ဝက်စာစျေးနှုန်းများနှင့် မွေးမြူရေးကုန်ကျစရိတ်များမြင့်တက်လာခြင်း၊ လုပ်သားအင်အားရှားပါးလာခြင်းများကြောင့် ဒေသတွင်းဝက်မွေးမြူရေးလုပ်ကိုင်သူများ လျော့နည်းလာသဖြင့် ဒေသတွင်းဝက်သားပြတ်လပ်မှုမရှိစေရေး မွန်ပြည်နယ်၊ မော်လမြိုင်မှတစ်ဆင့် ဝက်များသယ်ယူရပြီး ယခုအခါ လမ်းခရီးအခက်အခဲများနှင့် သယ်ယူမှုကုန်ကျစရိတ်များကြီးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့ ဝက်သားဒိုင်များထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)