ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ငရုတ်အစို၊ ငရုတ်ခြောက် စိုက်ပျိုးလျက်ရှိသည်။ ညောင်တုန်းမြို့နယ်တွင် ငရုတ်စိုက်ဧက (၄၅)ဧကရှိကြောင်း သိရသည်။ ငရုတ်စိုက်ပျိုးထုတ်လုပ် အရောင်းအဝယ်လုပ်ကိုင်သူ လုပ်ငန်းရှင် တစ်ဦးအား ၂၀.၁၁.၂၀၂၄ ရက်နေ့က မေးမြန်းရာ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငရုတ်သီးခြောက် ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ငရုတ်ခြောက်များကို စက်တင်ဘာလအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ အောက်တိုဘာလ တင်ပိုမှုအနေဖြင့် ငရုတ်သီးခြောက်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူ ဦးဌေးဝင်းက ရှင်းလင်းပြောပြ၍ သိရသည်။
အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ညောင်တုန်းမြို့နယ်က ထွက်တဲ့ငရုတ်သီးခြောက်တွေက အရည်အသွေးကောင်းပါတယ်။ လက်ရှိငရုတ်သီးခြောက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ငရုတ်ဈေးမှာ အရမ်းကြီးအတက်သလို ဈေးလည်းမကျကြောင်း။ ၁ဧက ကုန်ကျစရိတ်အနေဖြင့် ၂၅၀၀၀၀၀ ခန့်ကုန်ကျသော်လည်း၊ ၁ဧက အကျိုးအမြတ်အနေဖြင့် ၁၅၀၀၀၀၀ ခန့် အကျိုးမြတ်ရရှိကြောင်း၊ ၁ဧကအထွက်နှုန်း ၂၃၀၀ကျော် ထွက်ရှိကြောင်း စိုက်ပျိုးထုတ်လုပ်သူမှ ရှင်းလင်းပြောပြသည်။
ငရုတ်တင်ပို့မှု ဈေးကွက်အနေဖြင့် ရန်ကုန်ဘုရင်နောင် ဈေးကွက်၊ သီရိမင်္ဂလာဈေး၊ တညင်းကုန်းဈေး ရန်ကုန်ငရုတ် ကုန်စည်ဝယ်ယူသူများထံသို့ ချိတ်ဆက်၍ ဝယ်လက်တွေနဲ့ နှစ်စဉ်တင်ပို့ရောင်းချကြောင်း ညောင်တုန်း ငရုတ်အသင်း ဥက္ကဌ ဦးဌေးဝင်းပြောပြချက်အရ သိရသည်။
DOCA(ဧရာဝတီ)