Main menu

ကျိုင်းတုံမြို့ ပြောင်းဈေးကွက်

Powered by Drupal

                ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းခွန်၊ တောင်ပေါ်(၅)အုပ်စု မိုင်းလပ်၊ လွယ်မွေ၊ ပန်ဝိုင်၊ မိုင်းခွန်၊ ကတ်ထိုက် အုပ်စုတို့တွင် မိုးသီးနှံဒေသထွက်ကုန်တစ်မျိုးဖြစ်သော မိုးအစေ့ထုတ်ပြောင်းကို နှစ်စဉ် တောင်ကုန်းတောင်စောင်းများ၌ အများဆုံးစိုက်ပျိုးကြပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း၌ စိုက်ပျိုးခဲ့သည့်မိုးအစေ့ထုတ်ပြောင်း ခန့်မှန်းဧက(၄၁၆၉)ဧကစိုက်ပျိုးကြသည်ကို တောင်သူဦးကြီးများထံမှ စုံစမ်းသိရှိရပါသည်။

               ကျိုင်းတုံမြို့နယ်တွင် မိုးအစေ့ထုတ်ပြောင်းသည် ဈေးကွက်ရှိခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် မိုးအစေ့ထုတ်ပြောင်းကို ပိုမိုတိုးချဲ့စိုက်ပျိုးလာကြပါသည်။ မိုးအစေ့ထုတ်ပြောင်းကို နှစ်စဉ်မေ လ ၊ ဇွန်လတို့တွင် စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ခူဆွတ်ကြပါသည်။ ယခုနှစ် ၂၀၂၄ ခုနစ်တွင် မိုးအစေ့ထုတ်ပြောင်း အသစ်ကိုအောက်တိုဘာလ တတိယပတ်တွင် စတင်၍ရောင်းချပြီး မိုးအစေ့ထုတ်ပြောင်း ရောင်းချရသည့်ဈေးနှုန်းမှာ (၅၀)ကီလို တစ်အိတ်လျှင် လက်ကားဈေးနှုန်း (၅၈၀၀၀) ကျပ် ဖြင့်လည်းကောင်း လက်လီဈေးနှုန်းမှာ (၆၀၀၀၀) ကျပ် ဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းဈေးကွက်အတွင်း ရောင်းဝယ်သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)