Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေခံစားသောက်ကုန်စျေးနှုန်းနှိုင်းယှဥ်ချက်အခြေအနေ

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိနိုဝင်ဘာလ၊ တတိယအပတ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းအများစုမှာ တည်ငြိမ်လျက်ရှိပြီး ဝက်သားစျေးနှုန်းသည် နိုဝင်ဘာလ၊ ဒုတိယအပတ်အတွင်း ၂၈၀၀၀ကျပ်မှ ယခုတတိယအပတ်အတွင်း ၃၃၀၀၀ကျပ်အထိမြင့်တက်လာခဲ့ပါသည်။

         ယခင်အောက်တိုဘာလ၊ တတိယအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ အခြေခံစားသောက်ကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် (၃၂၀၀)ကျပ်မှ (၅၆၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၉၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၈၂၀၀) ကျပ်မှ (၈၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၅၀၀)ကျပ်မှ (၈၅၀၀)ကျပ်၊ ငရုတ်ရှည်တစ်ပိဿာလျှင် (၁၄၅၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်၊ ကြက်သား (cp) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်မှ (၃၃၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်မှ (၄၈၀)ကျပ်အထိ စျေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)