Main menu

‌ချောက်မြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ (၁၉-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက “အမျိုးသားနေ့ဖြစ်ပေါ်လာပုံ” သမိုင်းကြောင်းနှင့် “ပညာရေး၏အရေးပါပုံ” အကြောင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သော အစားအစာများနှင့် စားသုံးသူအခွင့်အရေး” အကြောင်းများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  ကျောင်းအတွင်းရှိ ရောင်းချလျက်ရှိသောမုန့်ဆိုင်များအား စားသုံးသူအန္တရာယ် ကင်းရှင်းစေရေး စစ်‌ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)