Main menu

မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာ၌ပြုလုပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ (မွမ်းမံ) သင်တန်း၌ အသိပညာပေးဆွေးနွေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ပြုလုပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ (မွမ်းမံ)သင်တန်း (၁/၂၀၂၄) သို့သွားရောက်ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက အရန်မီးသတ်တပ်ဖွဲ့(မွမ်းမံ)သင်တန်းတက်ရောက်ကြသော သင်တန်းသားများအနေဖြင့် မိမိတို့ရပ်ကွက်/ ကျေးရွာ၏ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးများ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သင်ကြားပေးသောပညာများအပြင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရသင့်သော အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့်တာဝန် (၄)ချက်၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားပုံနည်းလမ်းများ၊ တယ်လီဖုန်းဖြင့် အလွယ်တကူတိုင်ကြားနိုင်သော Consumer Call  Center Hot Line No (1535)အားသိရှိစေရေးနှင့် Online စနစ်အသုံးပြုပြီး ကုန်စည်များရောင်းဝယ်ဖောက်ကားမည့်သူများအနေဖြင့် Online ရောင်းချခွင့်မှတ်ပုံတင်ရယူဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လက်မှတ်ရယူဆောင်ရွက်ခြင်းမပြုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ Online မှကုန်စည်များကို ဝယ်ယူသုံးစွဲသူများ သတိပြုရမည့် အချက်အလက်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)