မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ဂွေးတောက်စမ်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူအသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူကာကွယ်ရေးအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများရသင့်သည့် အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့်တာဝန်(၄) ချက်၊ ကုန်စည်နှင့် အစားအစာများကိုဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားပုံနည်းလမ်းများ၊ Online မှကုန်စည်များကိုဝယ်ယူပါက သတိပြုရမည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)