Main menu

အသင်းမှသတ်မှတ်ထားသည့် ဈေးနှုန်းများအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းဖြင့်  ပြည်တွင်းစားသုံးသည့် ဆန်ဈေးနှုန်းများသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှသတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ၁၉-၁၁-၂၀၂၄ ရက်နေ့တွင် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းဈေးရှိ‌ ဒေါ်ရှိန်မိသားစုဆန်ဆိုင်နှင့် မြဆန်ဆိုင်တို့ရှိ ရွှေဘိုပေါ်ဆန်း၊ ရက်(၉၀)၊ ပေါ်ဆန်း(ရိုးရိုး)၊ မနောသုခ၊ တောင်ပျံ စသည့်ဆန်ဈေးနှုန်းများကို  အသင်းမှသတ်မှတ်ထားသည့် ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား စားသုံးသူပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချပေးရန် အသိ ပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)