Main menu

ပခုက္ကူမြို့တွင် ကြက်ဥဈေးနှုန်းများ မြင့်တက်၍အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥအရောင်းဆိုင်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကြက်ဥအရွယ်အစားလိုက်၍ ကြက်ဥ(အသေး) (၁၀)လုံးလျှင် ကျပ်(၄၃၀၀)၊ ကြက်ဥ(အလတ်)(၁၀)လုံးလျှင် ကျပ်(၄၅၀၀)၊ ကြက်ဥ(အကြီး) (၁၀)လုံးလျှင် ကျပ်(၄၇၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၆၅၀)၊ ဆေးဘဲဥ တစ်လုံးလျှင် ကျပ်(၇၀၀)၊ ငုံးဥတစ်ဆယ်လုံးလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် အောက်တို ဘာလနှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် တစ်လအတွင်း ကြက်ဥ(၁၀) လုံးလျှင် ကျပ်(၂၀၀)ခန့် ဈေးနှုန်း မြင့်တက် ၍  အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

     အခြေခံစားကုန်များထဲတွင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥသည် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံး သူပြည်သူများအတွက် လူတန်းစားမရွေး အလွယ်တကူ ဝယ်ယူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်တစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုများပြီး စားသောက်ကုန် လုပ်ငန်းရှင်များကလည်း ဝယ်ယူမှုများခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်ဥ ခြံများတွင် ကြက်ဥ အထွက်နှုန်းနည်းခြင်းကြောင့် ဈေးကွက်သို့ ဝင်ရောက်မှု နည်းခြင်းအပြင် သယ်ယူစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ကြောင်း ကြက်ဥအရောင်းဆိုင်မှ သိရှိရ ပါသည်။

DOCA(မကွေး)