Main menu

ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ မြို့မစျေးများအတွင်းသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ဟင်းလျာများချက်ပြုတ်ရာတွင် အရောင်၊ အနံ၊ အရသာအတွက် အသုံးပြုသောပစ္စည်းများအား စစ်ဆေးခဲ့ပါသည်။

               ထိုသို့စစ်ဆေးရာတွင် FDA ထောက်ခံချက်များ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိနှင့် ပါဝင်ပစ္စည်းများ ပြည့်စုံးစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ အလေးချိန်အချိန်အတွယ်နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)