ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ပထမ ၁၀လအတွင်း သဘာဝရော်ဘာစေးတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၄၇၂သန်းရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၂၂.၅% တိုးတက်ခဲ့ ကြောင်းသိရသည်။ ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရော်ဘာတင်ပို့မှုမှာ ၂၉၁၂၆၉တန်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၂.၆% တိုးလာခဲ့ကြောင်း ရော်ဘာညွှန်ကြားရေးမှူးဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၄ခုနှစ်၊ ပထမ ၁၀လအတွင်း ရော်ဘာစေးတစ်တန်လျှင် ပျမ်းမျှအားဖြင့် ၁၆၂၁ဒေါ်လာကုန်ကျပြီး ယခင်နှစ်ထက် ၂၆၄ဒေါ်လာခန့်ပိုများလာကြောင်း ရော်ဘာအထွေထွေညွှန်ကြားရေးမှူးရုံးမှ ယာယီညွှန်ကြားရေးမှူးချုပ် Khun Kakada က အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ရော်ဘာများအား မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိသည်။ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံတွင် ရော်ဘာစိုက်ပျိုးသည့် မြေဧရိယာစုစုပေါင်း ၄၀၇၁၇၂ဟတ်တာရှိပြီး ၎င်းမှ ၃၂၀၁၈၄ဟတ်တာရှိရာ ရော်ဘာပင်များမှာ အစေးချရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါသည်။
Source : Khmertimeskh
DOCA(ရန်ကုန်)