Main menu

ဗီယက်နမ်နှင့် မွန်ဂိုလီးယား နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ သုံးဆအထိတိုးမြင့်လာ

Powered by Drupal

         ဗီယက်နမ်နှင့် မွန်ဂိုလီးယား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၇ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁.၅ သန်းမှ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၂သန်းသို့ သုံးဆအထိတိုးမြင့်လာခဲ့သည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် မဟာဗျူဟာသိပ္ပံဒါရိုက်တာ Tran Cong Thang က နိုဝင်ဘာ ၂၀ရက်နေ့တွင် ဟနွိုင်း၌ကျင်းပသည့် ဗီယက်နမ်-မွန်ဂိုလီးယား စိုက်ပျိုးရေးလုပ်ငန်းဖိုရမ်တွင် ကိန်းဂဏန်းများကိုထုတ်ပြန်ခဲ့သည်။ အဆိုပါပွဲအား ဗီယက်နမ်-မွန်ဂိုလီးယား ချစ်ကြည်ရေးအသင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ၂၀၂၄ခုနှစ်၏ ပထမခုနှစ်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၅.၅ သန်းအထိ ရောက်ရှိခဲ့ပြီး ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၂၀၀ထိရရှိရန်ဟူသော ပန်းတိုင်သို့ရောက်ရှိရန် ကြိုးပမ်းလျက်ရှိသည်။ ဗီယက်နမ်နှင့် မွန်ဂိုလီးယား နှစ်နိုင်ငံလုံးသည် စိုက်ပျိုးရေးနယ်ပယ်တွင် ထူးခြားသောအားသာချက်များရှိနေပြီး ဆန်၊ ကော်ဖီနှင့် အပူးပိုင်းဒေသသစ်သီးဝလံများကဲ့သို့သော ထုတ်ကုန်များကို ဗီယက်နမ်မှ ဦးဆောင်တင်ပို့လျက်ရှိသည်။ မွန်ဂိုလီးယားနိုင်ငံသည် ၎င်း၏ အရည်အသွေးမြင့် အမဲသား၊ သိုးသားနှင့် နို့ထွက်ပစ္စည်းများကြောင့် ကျော်ကြားသည်။ ဖိုရမ်မှ ရလဒ်များသည် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက် အရေးကြီးသောအခြေခံအုတ်မြစ်ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း Thang ကပြောကြားခဲ့သည်။ ဖိုရမ်တွင် ကိုယ်စားလှယ်များသည် ဗီယက်နမ်ဈေးကွက်သို့ ဆိတ်သားနှင့် သိုးသားတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဗီယက်နမ်နှင့် မွန်ဂိုလီးယားကြား မွေးမြူရေးဆိုင်ရာကုန်သွယ်မှုအလားအလာများအပါအဝင် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာများကိုဆွေးနွေးခဲ့ကြသည်။ မွန်ဂိုလီးယားနိုင်ငံ၏ အေးမြသောရာသီဥတုကြောင့် မွေးမြူရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးလာကြောင်း အမျိုးသားနယ်စပ်ရေးရာကော်မတီ ဒုတိယညွှန်ကြားရေးမှူး Doan Khanh Ten ကပြောသည်။ မွန်ဂိုလီးယားရှိ ကျွဲနွားများသည် ကျယ်ပြန့်သောလွင်ပြင်ကြီးများပေါ်တွင် ကျက်စားကြပြီး ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၃၀၀၀ ကျော်အား စားသုံးကြသော မွန်ဂိုလီးယားမှ ကျွဲ၊ နွားသားများသည် နိုင်ငံတကာမှ အသားစားသုံးသူများအတွက် ထူးခြားသောအရသာများအား ပေးစွမ်းနိုင်ကြသည်။ ထို့ပြင် မွန်ဂိုလီးယားနိုင်ငံသည် ၁၉၈၉ခုနှစ်မှစတင်၍ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်ခဲ့သည်။ ၂၀၁၆ခုနှစ် မွန်ဂိုလီးယား-ရုရှား-တရုတ် သုံးနိုင်ငံမီးရထားပို့ဆောင်ရေးသဘောတူညီချက်တွင် ဗီယက်နမ်၏ ပူးပေါင်းပါဝင်မှုကိုကြိုဆိုကြောင်း မွန်ဂိုလီးယားဘက်မှပြောကြားခဲ့သည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၅ရက်နေ့ တွင် ဗီယက်နမ်နိုင်ငံသို့သွားရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း မွန်ဂိုလီးယားသမ္မတသည် တရုတ်နှင့် ဗီယက်နမ်တို့ပူးပေါင်းရန် အခွင့်သာသော အခြေအနေများဖန်တီးရန် တက်ကြွစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားဝင်ထပ်လောင်းပြောကြားခဲ့သည်။ ဖိရမ်၏မူဘောင်အတွင်း မွန်ဂိုလီးယားဆိတ်နှင့် သိုးသားများပူးပေါင်းဆောင်ရွက်ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဗီယက်နမ်နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့သည်။

Source : vietnamnews

DOCA(ရန်ကုန်)