Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Talk Show ဖြင့် အသိပညာပေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် မလှိုင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  မလှိုင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလလ ၇ ရက်နေ့တွင် နံနက် (၁၀:၃၀) နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

               ဆွေးနွေးပွဲတွင်စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးရဲမြင့်ဆန်းမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်ကြေညာခဲ့ကြောင်း၊Online Shopping ရောင်းချသူမည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်။အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ Online Shopping ရောင်းချသူများသည် မှတ်ပုံတင်မရှိဘဲရောင်းချပါက ဥပဒေအရအရေးယူခံရနိုင်ခြင်း၊ စားသုံးသူများမှ မိမိလုပ်ငန်းအပေါ်  ဝယ်ယူအသုံးပြုရန် ယုံကြည်စိတ်ချမှု မရှိနိုင်ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်းတစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင်မှတ်ပုံတင်ရှိ/ မရှိ၊ ငွေပေးချေမှုစနစ်များကို သေချာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့််အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)