Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Talk Show ဖြင့် အသိပညာပေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် သာစည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  သာစည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလလ ၅ ရက်နေ့တွင်နံနက် (၁၀:၃၀) နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

              ဆွေးနွေးပွဲတွင်စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်မှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်ကြေညာခဲ့ကြောင်း၊ Online Shopping ရောင်းချသူမည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှလုပ်ကိုင်ရမည်။ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ Online Shopping ရောင်းချသူများသည် မှတ်ပုံတင်မရှိဘဲရောင်းချပါက ဥပဒေအရအရေးယူခံရနိုင်ခြင်း၊ စားသုံးသူများမှ မိမိလုပ်ငန်းအပေါ် ဝယ်ယူအသုံးပြုရန် ယုံကြည်စိတ်ချမှုမရှိနိုင်ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်းတစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင် မှတ်ပုံတင်ရှိ/ မရှိ၊ ငွေပေးချေမှုစနစ်များကို သေချာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့်အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)