ငါန်းဇွန်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ၂၀.၁၁.၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပါတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံစွဲရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်အခြေအနေများနှင့် စားသုံးသူပြည်သူများ ဆက်သွယ်တိုင်ကြားနိုင်ရန် Call Center ဝန်ဆောင်မှုအားလည်း ဖွင့်လှစ်ထားရှိထားပြီး Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်း ခေါ်ဆို၍ဆက်သွယ်မေးမြန်း တိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)