Main menu

Vongsey Vissoth သည် သီဟိုဠ်စေ့စိုက်ပျိုးခြင်းနှင့် တင်ပို့ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံကြရန် တောင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံ

Powered by Drupal

         ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးများရုံးတာဝန်ခံ Vongsey Vissoth သည် Hengkuk Industry ၏ ဒါရိုက်တာ Lee Kee Yun နှင့် Chung-Ang University Of Korea မှ ပါမောက္ခ Lee Changkeun တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ Kampong Thom ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ် Vongsey Vissoth က သီဟိုဠ်စေ့ထုတ်လုပ်မှုလုပ်ငန်းများတွင် Hengkuk Industry ၏ ရင်းနှီးမြှုပ်နှံမှုအား ထောက်ခံကြောင်းနှင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အဓိကဦးစားပေးမူဝါဒဖြစ်သော  စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှုမြှင့်တင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုကြောင်းပြောကြားသွားခဲ့သည်။ Vissoth က သီဟိုဠ်စေ့သည် ကမ္ဘောဒီးယား၏ အရေးပါသောစိုက်ပျိုးရေးထွက်ကုန်ဖြစ်ကြောင်းနှင့် သီဟိုဠ်စေ့ကို စားသောက်ကုန်၊ ဆီ၊ အလှကုန်၊ ဇီဝလောင်စာ စသည့်ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရာတွင် အသုံးပြုနိုင်ကြောင်းပြောကြားသွားခဲ့သည်။  ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၊ Kampong Thom ပြည်နယ်နှင့် အနီးတစ်ဝှိုက်ဒေသသည် အရည်အသွေးမြင့်သီဟိုဠ်စေ့များစိုက်ပျိုးထုတ်လုပ်ရန်အတွက် အကောင်းဆုံးဒေသတစ်ခုဖြစ်သည်ဟုပြောကြားသွားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)