Main menu

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် AMIA News မှဖော်ပြခဲ့သည့် "အသင်းမှသတ်မှတ်ထားသောဆန်ဈေးထက် အပြင်ဈေးမြင့်တက်နေဆဲ" သတင်းနှင့်ပတ်သတ်၍ စိစစ်တင်ပြရာရုံးချုပ်၏ ညွှန်ကြားချက်အရ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင်ရောင်းချနေသောဆန်ဆိုင်များသို့ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင်ရောင်းချနေသော ဆန်ဆိုင်များဖြစ်သည့် အောင်မိသားစုဆန်ဆိုင်၊ ကိုရန်ကုန်သားဆန်ဆိုင်များ၌ ရောင်းချလျက်ရှိသော ဆန်အမျိုးအစားများဖြစ်သည့် ငစိန်၊ ဧည့်မထ၊ မြီးဒုံး(ခွန်နီ)၊ ကြားပျံ စသည့်ဆန်အမျိုးအစားများအား သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်အပါ အမြတ်ရာခိုင်နှုန်း (၅% မှ ၈%) အတွင်း ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များအား သိုလှောင်ထားခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)