Main menu

ဇလွန်မြို့၏ ဒေသလက်ဆောင် ငှက်ပျောကြော်

Powered by Drupal

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်အတွင်း ဒေသလက်ဆောင်အဖြစ် ဂျင်းသုပ်၊ပဲကြီးလှော်၊ စာကလေးခွေ၊ မရွေး၊ ငှက်ပျောကြော်စသည့် မုန့်များကို ဘုရားဖူးပြည်သူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသအစားအစာအဖြစ် ဝယ်ယူလျက်ရှိကြပါသည်။ ဒေသထုတ်ကုန်ဖြစ်သော “ရွှေတိုး” ငှက်ပျောကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာမှ (၂၀.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းလေ့လာခဲ့ရာ ငှက်ပျောကြော် ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ်  အသုံးပြုသော ငှက်ပျောသီးကို တောင်ငူမြို့မှ တစ်ဖီးလျှင် ၁၀၀၀/- ကျပ်ဖြင့် တစ်ပတ်လျှင် (၄)ကြိမ်သာ ဝယ်ယူရရှိပါသည်။  ငှက်ပျောကြော်ကို တစ်နေ့လျှင် အဖီး ၁၇၀ ကြော်ရပြီး  ၂၀၀၀/-ကျပ်တန် အထုပ်ကြီး ၁၅၀ နှင့် ၁၀၀၀/- ကျပ်တန် အထုပ်သေး (၁၅၀)ကျပ်ခန့် ရရှိပါသည်။ တစ်နေ့ကုန်ကျစရိတ်အနေဖြင့်  ကုန်ကြမ်းပစ္စည်း၊ပါဝင်မှုပစ္စည်း၊ထင်းနှင့်လုပ်သားခ၊ ပလတ်စတစ်ထုတ်ပိုးမှုအပါအဝင် ကျပ်(၄၀၀၀၀၀/-) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငှက်ပျောသီး ၁၇၀ ကုန်လျှင် (၅၀၀၀၀/-ကျပ်) ရရှိပါသည်။   နွေဦးကာလများတွင် ဘုရားဖူးလာသူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန်ကြောင်း သိရှိရပါသည်။  မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသော အကျိုးအမြတ် ရရှိပါသည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူ စားသုံးမှုမြင့်တက်လျက်ရှိကြောင်း သိရှိပါသည်။

DOCA(ဧရာဝတီ)