မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဟင်းသီးဟင်းရွက်များကို မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချသည့်အပြင် မြို့အနီးရှိကျေးရွာများဖြစ်သည့် ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်ကျေးရွာများနှင့် မြို့တစ်ဖက်ကမ်းရှိ ကျွန်းရွာများမှလည်း လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ မုန်လာဥဖြူများစတင်ထွက်ပေါ်လျက်ရှိရာ မုန်လာဥအရွယ်အစားပေါ်မူတည်၍ (၃)ဥတစ်စည်းလျှင် ကျပ်(၇၀၀ မှ ၉၀၀)ဈေးဖြင့် ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားချိန်ဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)