Main menu

ဟင်္သာတမြို့နယ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးဧက

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊နေကြာစသော သီးနှံ(၃)မျိုးအား လျာထားစိုက်ပျိုးခဲ့ပါသည်။ ၁၉.၁၁.၂၀၂၄ ရက်နေ့ထိ မြေပဲ လျာထားဧက ၃၅၂၀ ဧကတွင် ၂၅ ဧကစိုက်ပျိုးပြီး ၃၄၅၉ ဧက စိုက်ပျိုးရန် ကျန်ရှိပါသည်။ နှမ်းလျာထားဧက ၂၀၇ ဧကသည် စိုက်ပျိုးပြီးဖြစ်သော်လည်း ဆောင်သီးနှံနေကြာ လျာထားဧက ၁၀၁၈၄ ဧကတွင်  ၃ ဧက စိုက်ပျိုးပြီး ၁၀၁၈၁ ဧကစိုက်ပျိုးရန် ကျန်ရှိကြောင်း မြို့နယ်စိုက်တိုး/မြှင့်အဖွဲ့မှ သိရှိရပါသည်။

     ၂၀၂၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ  ပထမပတ်တွင် အပြီးသတ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဆောင်းသီးနှံ မြေပဲနှင့် နေကြာကို နှုန်းတင်မြေနုကျွန်းဒေသများရှိရာ ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးဧကရှိပြီး၊ နှမ်းသီးနှံကို  ကုန်းမြင့်စားကျက်နေရာများတွင် အများဆုံးစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ စိုက်ပျိုးရန်ကျန်ရှိသော ဧကများကို အချိန်မှီစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီးဧကများ အောင်မြင်ဖြစ်ထွန်းနိုင်ရေး ဟင်္သာတမြို့နယ် စိုက်တိုး/မြှင့် အဖွဲ့ဝင်များမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)