Main menu

ကုန်သွယ်ရေးချိတ်ဆက်မှုမှတ်တိုင်အသစ်ရောက်ရန် ဗီယက်နမ်နှင့် မလေးရှားမျက်စိကျနေ

Powered by Drupal

        ဗီယက်နမ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး  To Lam ၏ နိုဝင်ဘာလ ၂၁-၂၃ ၌ မလေးရှားနိုင်ငံသို့သွားရောက်မည့် တရားဝင်ခရီးစဥ်အတွင်း နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်‌ရေးပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်သစ်နှင့် အခွင့်အလမ်းသစ်များဖွင့်လှစ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ ဗီယက်နမ်နှင့်မလေးရှားတို့သည် အဓိကစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များဖြစ်ကြပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၇၃ခုနှစ်မှစ၍ ၎င်းတို့၏စီးပွားရေးနှင့်ကုန်သွယ်ရေးချိတ်ဆက်မှုမှာ ပုံမှန်ကြီးထွားမှုရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်အကောက်ခွန်အထွေထွေဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၄ခုနှစ်၏ ပထမဆယ်လတာကာလတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၀.၆၃ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်မှမလေးရှားသို့ အမေရိကန်ဒေါ်လာ ၃.၈၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး (၃.၅%မြင့်တက်) အမေရိကန်ဒေါ်လာ ၆.၈၂ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်း (၂၁.၁% မြင့်တက်)ခဲ့ကြောင်းသိရပါသည်။ ဆန်တင်ပို့မှုသည် ၁၃၁.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်မှ မလေးရှားသို့ တတိယအကြီးမားဆုံးတင်ပို့သည့် ကုန်ပစ္စည်းဖြစ်ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၉.၈ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ ဆန်နှင့်အတူ ကော်ဖီတင်ပို့မှုသည်လည်း ၁၁၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ သို့သော် ထိုမြင့်တက်မှုသည် မလေးရှားကော်ဖီလုပ်ငန်းအတွက် ကုန်ကြမ်းအနေဖြင့်အသုံးပြုရန် ကော်ဖီစေ့များတင်သွင်းမှုကြောင့် မြင့်တက်ခြင်းဖြစ်ကြောင်းသိရပါသည်။ ဓာတုပစ္စည်းနှင့်ရော်ဘာတင်ပို့မှုမှာ ၁၂၄.၁ ရာခိုင်နှုန်းနှင့် ၂၈၇.၆ ရာခိုင်နှုန်းအသီးသီးဖြင့် သိသာစွာမြင့်တက်ခဲ့သော်လည်း စုစုပေါင်းတန်ဖိုးရရှိမှုမှာ ၃.၁ ရာခိုင်နှုန်းနှင့် ၀.၆ ရာခိုင်နှုန်း အသီးသီးဆက်လက်နိမ့်ကျခဲ့ကြောင်းသိရပါသည်။ ယခုနှစ် ပထမဆယ်လတာကာလအတွင်း ဗီယက်နမ်က မလေးရှားထံမှပြန်လည်တင်သွင်းမှုတွင် ကွန်ပျူတာ၊ အီလတ်ထရောနစ်နှင့် အစိတ်အပိုင်းများတင်သွင်းမှုမှာ ထိပ်ဆုံးတွင်ရပ်တည်နေပြီး ၂၀၂၃ တူညီသည့်ကာလထက် ၂၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ရေနံထုတ်ကုန်တင်သွင်းမှုမှာ ဒုတိယနေရာတွင်ရပ်တည်နေပြီး ၂၀၂၃ တူညီသည့်ကာလထက် ၂၅.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကျွမ်းကျင်သူများ၏အဆိုအရ မလေးရှားနိုင်ငံဈေးကွက်သည် အားကောင်းပြီး ကွဲပြားသောဝယ်လိုအားရှိနေပြီး ဗီယက်နမ်နှင့်တူညီသော စားသုံးသူထုံးတမ်းဓလေ့ရှိနေကြောင်းသိရပါသည်။ နှစ်နိုင်ငံစလုံးသည် များစွာသောဒေသဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်များတွင် အဖွဲ့ဝင်များဖြစ်နေသောကြောင့် ဗီယက်နမ်၏ပို့ကုန်များအတွက် ကုန်သွယ်ရေးအတားအဆီးများ အတော်နည်းပါးကြောင်းသိရပါသည်။ သို့သော် အစားအစာထုတ်ကုန်များသည် ဗီယက်နမ်နိုင်ငံတော်အေဂျင်စီများက အသိအမှတ်မပြုသော်လည်း မူစလင်နိုင်ငံများတွင် သေချာပေါက် လိုအပ်သည့် ဟာလာအသိအမှတ်ပြုလက်မှတ်လိုအပ်ကြောင်းသိရပါသည်။ လတ်တလောတွင် ဗီယက်နမ်ရှိ အစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုသည် မလေးရှား အစ္စလာမ္မစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသိအမှတ်ပြုသည့်  ဟာလာအသိအမှတ်ပြုလက်မှတ်ကိုထုတ်ပြန်ရန် အာဏာပိုင်ဆိုင်ထားကြောင်းသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)