Main menu

မော်လမြိုင်မြို့နယ်ရှိ “Royal MS”အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        (၂၀-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ “Royal MS” အမှတ်တံဆိပ်  သောက်ရေသန့်စက်ရုံသို့သွားရောက်၍ “Royal MS”  အမှတ်တံဆိပ် ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာ၌ “Royal MS” အမှတ်တံဆိပ် ရေသန့်ဘူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ၊ FDA ၏ထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်သားများအား မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားပြီး  သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရကြောင်း၊ လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)