Main menu

တရုတ်နိုင်ငံသို့ ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှုသည် ထိုင်းနိုင်ငံထက်သာလွန်နေ

Powered by Drupal

               ဗီယက်နမ်နိုင်ငံသည် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၄၀.၇၂ သန်းတန်ဖိုးရှိ ဒူးရင်းသီးတန်ချိန် ၁၇၇၀၀၀ တင်ပို့ခဲ့ပြီး ယင်းဈေးကွက်သို့ သစ်သီးတင်သွင်းသူအဖြစ် ထိုင်းနိုင်ငံသို့ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံသည် စက်တင်ဘာတွင် ဒူးရင်းသီးတန်ချိန် ၂၂၈၀၀၀ တင်သွင်းရန် ဒေါ်လာ ၈၉၄.၅၈ သန်းသုံးစွဲခဲ့ပြီး ၎င်းတွင် ဗီယက်နမ်မှ ၇၇.၆% တင်သွင်း ခဲ့ကြောင်းသိရသည်။ သို့သော် ထိုင်းနိုင်ငံသည် ပထမ ကိုးလအတွင်း ဒူးရင်းသီးတင်ပို့မှု၌ ဦးဆောင်နေခဲ့ပြီး ကန်ဒေါ်လာ ၃.၇၃ ဘီလီယံ တန်ဖိုးရှိသစ်သီးတန်ချိန် ၇၅၅၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ပမာဏ ၅၄.၇% ရှိခဲ့သည်။ သို့သော်ကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၁၄.၁% နှင့် တန်ဖိုးအားဖြင့် ၁၃.၃% ကျဆင်းမှုကို ကိုယ်စားပြုလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံမှ ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံတန်ဖိုးရှိသော ဒူးရင်းသီးတန်ချိန် ၆၁၈၀၀၀ တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၇၂.၂% နှင့် တန်ဖိုးအားဖြင့် ၅၇.၃% မြင့်တက်ခဲ့သည်။ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ အထွေထွေအတွင်းရေးမှူး Dan Phue Nguyen ၏ ပြောကြားချက်အရ ဗီယက်နမ်သည် ထိုင်းနှင့် မတူဘဲရာသီပြင်ပဒူးရင်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ပုံမှန်အားဖြင့် ဗီယက်နမ်သည် ရိတ်သိမ်းချိန်မတိုင်မီတွင် ကောင်းမွန်စွာရိတ်သိမ်းလေ့ရှိသည်။ နှစ်ကုန်အားလပ်ရက်များနှင့် နှစ်သစ်ကူးပွဲတော်အတွက် စားသုံးများဘက်မှ ဝယ်လိုအားများလာသောကြောင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာလည်းများပြားလာခဲ့ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးမြေ ၁၆၃၂၀၀ ဟတ်တာရှိပြီး နှစ်စဉ်အသီး တန်ချိန် ၁.၅၃ သန်းဖြစ်ထွန်းသည်။ ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများအား တရုတ်ဈေးကွက်သို့ အဓိကတင်ပို့ပြီး ၂၀၂၃ ခုနှစ် သစ်သီးတင်ပို့မှု၏ ၆၉% မှ ဒူးရင်းသီးများဖြစ်သည်။

Source : vnexpress

DOCA(ရန်ကုန်)