၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဖွဲ့နှင့် ဈေးတာဝန်ခံတို့ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးအတွင်းရှိ ဆေးဆိုင်များသို့ ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဆေးအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။ ထို့နောက် ဆိုင်ရှင်အား ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)