စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀-၁၁-၂၀၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် အမှတ် (၁) ဈေးရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးနှင့်ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ နေ့စဉ်သုံးဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဝယ်ယူသိုလှောင်ထားခြင်းရှိ/မရှိ၊ ဆေးဝါးပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိနိုင်ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချမှုရှိ/မရှိ၊ ဘေးကင်းလုံခြုံသော ဆေးနှင့်ဆေးဝါးစ္စည်းများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(မွန်)