Main menu

အသင်းမှ သတ်မှတ်ထားသည့်ဆန်ဈေးထက် ဈေးမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

              ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်များသို့ အသင်းမှသတ်မှတ်ထားသည့်ဆန်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးစည်ပင်သာယာ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)မှ ချိုမာဆန်ဆိုင်၊ ရွှေရွက်လှေ (၂)ဆန်ဆိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ဇွဲဆန်ဆိုင်၊ ပွင့်ဖြိုးခိုင်ဆန်ဆိုင်၊ အင်းစိန်ဈေးမှ ဦးကိုကိုကြီးဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ရွှေဆန်းလွင်ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧည့်မထ၊ ရက်(၉၀)၊ ဇီယာ၊ ပေါ်ဆန်းမွှေး၊ ဖန်သီးသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ အညာသား၊ မနောသုခနှင့် ဆင်းသွယ်အမျိုးအစားအားလုံးတို့တွင် အသင်းမှသတ်မှတ်ထားသော ဆန်ဈေးထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)