စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “ရွှေကြက်ဖ” အမှတ်တံဆိပ် ဆန်ကြာဇံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းသုံးစွဲမှု၊ စက်လည်ပတ်သည့်ကာလ၊ လုပ်သားအင်အား၊ တစ်နေ့ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ အမြတ်ရရှိမှု၊ ကြုံတွေ့ရသောအခက်အခဲများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က “ရွှေကြက်ဖ” ဆန်ကြာဇံလုပ်ငန်းကို ၂၀၀၄ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ တစ်နှစ်လျှင် စက်လည်ပတ်ချိန် (၅) လသာလည်ပတ်၍ ကျန်သည့်လများတွင် ရပ်နားထားရကြောင်း၊ တစ်နေ့လျှင် ဆန်ကြာဇံ (၅၀၀) ပိဿာထုတ်လုပ်ကြောင်း၊ ဆန်ကြာဇံထုတ်လုပ်ရန် ကုန်ကြမ်းအနေဖြင့် ဆန်ကို အဓိကထားကြောင်း၊ တစ်နေ့ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၅) သိန်းကုန်ကျကြောင်း၊ ကြာဇံ (၅) ပိဿာတစ်ထုပ်လျှင် (၃၀၀၀၀) ကျပ်ဖြင့်ရောင်းချရာ တစ်နေ့လျှင် ပျမ်းမျှအမြတ်ငွေ (၅) သိန်းခန့်ကျန်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မွန်ပြည်နယ်အတွင်းသာရောင်းချကြောင်း၊ လုပ်သားအင်အား (၂၅) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေလိုအပ်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးက မတည်ရင်းနှီးငွေနှင့်စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေ၊ MSME ချေးငွေတို့ကို နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
DOCA(မွန်)